Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ငူမြို့နယ်၌ သမဝါယမအသင်းပိုင် ငါးမွေးမြူရေးကန်မှ စွမ်းအားပြည့် မွေးမြူထုတ်လုပ်နိုင်ရေးနှင့် ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရေ…
Dec 05,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ သမဝါယမအသင်းပိုင် ငါးမွေးမြူရေးကန်မှ စွမ်းအားပြည့် မွေးမြူထုတ်လုပ်နိုင်ရေးနှင့် ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့နယ် သမဝါယအသင်းပိုင်ငါးမွေးမြူရေးကန်ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 05,2025
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၇) ခြေခံပညာအထက်တန်းကျောင်း (ကျောင်းခန်းမ) ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် တပ်ကုန်းမြို့နယ်အတွင်း ပန်းခင်း (၃) စီမံချက်အရ မှတ်ပုံတင်/အိမ်ထောင်စု စာရင်းဆောင်ရွက…
Dec 05,2025
နေပြည်တော်ကောင်စီဝင်၊ ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပေါက်ပင်သာကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း (၃) စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး မိုင်းဆတ်ခရိုင်နှင့် မိုင်းတုံခရိုင် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 05,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့က မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ရွှေမောင်းအောင် ကမ္ဘာဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Dec 05,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေမောင်း သီလရှင်စာသင်တိုက် ဦးစီးပဓာနနာယက ဆရာကြီးဒေါ်ဥပ္ပလထေရီ ဦးဆောင်၍ဆောက်လုပ်ပြီးစီးခဲ့သော ရွှေမောင်းအောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အ.ထ.က (၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Dec 05,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်လာစေရန်နှင့် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရှိလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းတည့် (၁၃)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” Billboard များစိုက်ထူ
Dec 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူ မဲပေးကြမယ်” Billboard များစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်ရှိ ရပ်ကွက်များတွင် Billboard ပိုစတာများ စတင်စိုက်ထူ
Dec 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်း၊ အမှတ်(၅)ရပ်ကွက်၊ မြကန်သာပန်းခြံရှေ့နှင့် အမှတ်(၉)ရပ်ကွက်၊ ဧရာ၀ဏ်လမ်း၊ အတွင်းရှုခင်းသာလမ်းထောင့်နေရာတို့တွင် ယမန်နေ့နံနက်(၈:၃၀)အချိန်က မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် ဒေါ်ခင်သင်းသင်းဇော် (စီမံကိန်း)၊ အဖွဲ့ဝင် ဦးညွန့်ဝေ၊ အတွင်းရေးမှူး ရဲမှူးညွန့်၀င်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င် ဦးသန်းဇော်ဦးနှင့် အတွင်းရေးမှူး ဒေါ်နှင်းယုကျော်၊ ဒုလဝကမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးထွန်းမင်းစံ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုး၀င်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်စေရန် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" စာသားပါ (၈ပေ×၄ပေ)ပိုစတာ(၂)ခု စိုက်ထူပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
190
Page
191
Page
192
Page
193
Current page
194
Page
195
Page
196
Page
197
Page
198
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department