အမြို့မြို့အနယ်နယ်သတင်းများ

May 30,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ ဇယ်မကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ၊  ဥယျာဉ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတော်ကြီးတွင် ယနေ့နံနက် (၉)နာရီကကျေးလက် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
May 30,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်‌လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲတော်အား ၃၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ အ.ထ.က(ဗျက်ကြီး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 30,2026
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ဆောက်လုပ်ရေးဦးစီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ‌ အဆင်ပြေချောမွေ့နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရသစ်၏ရက်တစ်ရာစီမံချက်၊ တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 30,2026
‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရန်၊ ဂေဟစနစ်ပျက်စီးမှု ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တော ဦးစီးဌာနမှ ယမန်နေ့နံနက်၈နာရီက အ.ထ.က အုတ်ဖိုကျောင်းဝန်းအတွင်း၌ ကျင်းပ ခဲ့ကြသည်။
May 30,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာရှိ ပညာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့် ပြည်သူ့စကား ဝိုင်း (Public Talk) ကျင်းပပြုလုပ်သည်။
May 30,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။