အမြို့မြို့အနယ်နယ်သတင်းများ

May 30,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပခဲ့သည်။
May 30,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ "ဒေသအဆင့် ကျောင်းအပ်နှံရေးနေ့" အခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) တွင် ကျင်းပသည်။
May 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်း​ဖြတ်မြို့နယ်တွင် လွှတ်​တော်ကိုယ်စားလှယ်များရုံး ဖွင့်ပွဲအခမ်းအနားကို မေလ ၂၈ ရက်၊ နံနက် ၈ နာရီက ဝမ်မိုင်ရပ်ကွက်အနီး ပြည်ထောင်စုလမ်းမကြီး‌ဘေး၌ ကျင်းပခဲ့သည်။
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်သည်။
May 30,2026
မွန်ပြည်နယ်၊ပေါင်မြို့နယ်‌၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ်ကွက်‌၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
May 30,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကို မေလ ၂၉ ရက်နေ့က ညောင်ပင်သာကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 30,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ဒလမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါကာကွယ်ဆေး (Oral CholeraVaccine-OCV) တိုက်ကျွေးခြင်းများကို  ယမန်နေ့နံနက်ပိုင်းက ဗညားဒလရပ်ကွက်ရှိ မဟာဓမ္မိကဓမ္မာရုံ၊ အောင်မင်္ဂလာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ မေယုမြင့်မိုရ်ကိုယ်ပိုင်ကျောင်း၊ ကမာကဆစ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် ကမာကသွယ်ရပ်ကွက်ရှိ  အ.မ.က (၈) စာသင်ကျေင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။