Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ မြစ်ကမ်းသားစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မော်လမြိုင်မြို့ ကမ်းနားလမ်း…
Dec 04,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းကမော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ ကမ်းနားလမ်း၊ မြစ်ကမ်းသာအပန်းဖြေစီမံကိန်းတည်ဆောက်မည့် နေရာသို့ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင် Myanmar Energy King (MEK)Co;Ltd၊ Thiha Min Swe Construction Co;Ltd၊ Golden Mawlamyine Co;Ltd ကုမ္မဏီတို့၏ တာဝန်ယူဆောက်လုပ်သည့် အများပြည်သူအနားယူအပန်းဖြေရန်အတွက် လျှောက်လမ်း Clay Tileခင်းခြင်းလုပ်ငန်း၊ နားနေဆောင် ဘုံဆင့်အမိုး Frame လုပ်ငန်း၊ နားနေဆောင်ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်း၊ Bridge (ပေါင်းကူးတံတား) လုပ်ငန်း၊ မွန်ရိုးရာလခြမ်းတူရိယာ၊ ကားပါကင်ကွန်ကရစ်ေလာင်းခြင်းလုပ်ငန်း၊ ဆောင်ရွက်နေမှုတို့ကို power pointဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်စေရေး၊ သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် စံညီစံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လျှောက်လမ်းနေရာများတည်ဆောက်ခြင်း၊ မြေယာရှုခင်း၊ ကလေးကစားကွင်း၊ နားနေခုံများဆောင်ရွက်ခြင်း၊ မြတ်ခင်းပြင်နှင့် အရိပ်ရပင်များ၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ အလှမီးတိုင်များ ထွန်းညှိခြင်းများဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ သာသနာလင်္ကာရအကျော်စာမေးပွဲ ကျင်းပ
Dec 04,2025
ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့စေရန်ရည်ရွယ်၍ ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူးသာမဏေကျော်အသင်းကြီး)မှ ကြီးမှူးပြီး (၃၉)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးမြို့၌ (ပထမနေ့)အဖြစ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်ခရိုင်အဆင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား သုံးခွမြို့၌ စည်ကားသိုက်မြိုက်စွာ ကျ…
Dec 04,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းပြင်ပ ပညာရေးသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်…
Dec 04,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်းပူးပေါင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းပြင်ပ ပညာရေးသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ မိဘ၊ ဆရာ ကျောင်းသားတွေ့ဆုံပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ကျင်းပ
Dec 04,2025
အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ဘာသာရပ်အသီးသီးမှ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေပညာ)၊ ဒုတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ ပဆင-လှည်းဆိပ်ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပြည်ထောင်စု (ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဆင-လှည်းဆိပ်ကျေးရွာချင်းဆက်လမ်း မြေကာတုတ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု မြေပြင် အခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန သို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေး…
Dec 04,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းက စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် အ.လ.က(ခွဲ) ကောလိယကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 04,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.လ.က (ခွဲ) ကောလိယကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
195
Page
196
Page
197
Page
198
Current page
199
Page
200
Page
201
Page
202
Page
203
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department