အမြို့မြို့အနယ်နယ်သတင်းများ

May 30,2026
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) သရဖူခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့‌သည်။
May 30,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ၈မိုင်ကျေးရွာ ရွာတွင်းလမ်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅ ဒသမ ၆ သန်း ဖြင့် ၈ မိုင်ကျေးရွာ ရွာတွင်းလမ်း အပိုင်းပေါ်ရှိ လမ်းမိုင်(၀/၅- ၀/၅.၅)ကြား(၁)စင်း၊ (၀/၆-၀/၆.၅) ကြား (၁) စင်း စုစုပေါင်း (၂) စင်း ပျက်စီးနေသော ရေထုတ်ပြွန်အား (၅' x၅' x ၂၄') (1.52mx 1.52m x 7.31m) ကျောက်ကြီးစီကမ်းကပ် ခုံသံကူ ကွန်ကရစ်ကြမ်းခင်း Box Culvert (၂)စင်းအဖြစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
May 30,2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်‌မောင်လတ်၊ လယ်ဝေးခရိုင် ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဒက္ခိဏသီရိ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
May 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၈ ရက်နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 30,2026
ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီမှ ကြီးမှူးကျင်းပသည့် ထုပ်ပိုးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားအား ယမန်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
May 30,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း ခရိုင်/မြို့နယ် MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် MEVM စက်ဆိုင်ရာကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံခြင်း အခမ်းအနားကို၊ ယမန်နေ့ နေ့လယ်(၃)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ဧရာဦးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော “မူးယစ် ဆေးဝါးအန္တရာယ် ဝိုင်းဝန်းတားဆီးကာကွယ်” ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့သည်။