အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် အ.ထ.က (ခွဲ) ဖြူဘ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 04,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ ညီညီစျာန်ရေးသားသည့် " ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်သည်။
Dec 04,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Dec 04,2025
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့တွင်းမြို့ပြင်လမ်းများ သာယာလှပရေး၊ ရပ်ကွက်များအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ရပ်ကွက်များ အလိုက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် ကောက်ခံရမည့် အခွန်၊ အခ၊ အကောက်များကို လျာထားချက် ပြည့်မီကျော်လွန်အောင် အလေးထားကောက်ခံကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
Dec 04,2025
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။
Dec 04,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို မြို့နယ်ပညာရေးမှူးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက စတင်၍ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာစာဘာသာ စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။