အမြို့မြို့အနယ်နယ်သတင်းများ

Jun 06,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံခြင်းကို  မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 06,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရမည်းသင်းခရိုင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ ရမည်းသင်းမြို့နယ် အမျိုးသမီးအသင်းနှင့် ပျော်ဘွယ် မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
Jun 06,2021
ရှေးမြန်မာဘုရင်များ လက်ထက်တွင် စက်မှုလုပ်ငန်းများ မရှိခဲ့သော်လည်း အိမ်တွင်းလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ နိုင်ငံတစ်ဝန်းလုံး အနှံ့အပြားရှိခဲ့သည်။ အိမ်တိုင်းအိမ်တိုင်း၌ ရက်ကန်းစင်များကိုတွေ့ရှိရပြီး ရွာတိုင်းရွာတိုင်း၌လည်း တောင်းရက်ခြင်း၊ ပလုံးရက်ခြင်း၊ ဖျာရက်ခြင်း၊ အိုးဖုတ်ခြင်းနှင့် ပန်းထိမ်၊ ပန်းဘဲ လုပ်ငန်းများ တွေ့ရှိရသည်။ မြို့ကြီးများတွင် လက်မှုလုပ်ငန်းများအစား စက်ပစ္စည်းများဖြင့် အစားထိုးဝင်ရောက်လာ၍ လက်မှုလုပ်ငန်းအချို့ ပျောက်ကွယ်ခဲ့ကြသော်လည်း ကျေးလက်တောရွာများတွင် လက်မှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက် ရှိနေကြသည်။
Jun 06,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌‌မော်မြို့နယ်တွင် ကိုဗစ် - ၁၉ လူနာ ငါးဦးပိုးတွေ့ရှိရသဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ဝိုင်းမော်မြို့ပေါ် လူစည်ကားသော နေရာများဖြစ်သည့် မြို့မစျေး၊ လ္ဘက်ရည်ဆိုင်များ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးနှင့် လမ်းဆုံ မီးပွိုင့်တို့တွင် နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယမန့်နေ့ နံနက် (၈) နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Jun 06,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အတွင်း ရပ်ရွာလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာများသို့ ကွင်းဆင်းကာ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Jun 06,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက စစ်ငန်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 06,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများကို သိရှိနိုင်ရန် ချပြရှင်းလင်းခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။