အမြို့မြို့အနယ်နယ်သတင်းများ

Jun 06,2021
၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၇ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
Jun 06,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဇွန်လ(၁)ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း)အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ပညာသင်ကြာပေးလျက်ရှိရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 06,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
Jun 06,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်းတက်လုပ်ငန်း ပြီးဆုံးချိန် ထန်းမထန်းတက်လုပ်ငန်း စတင်ချိန် ထန်းလျက်တစ်ပိဿာ၁၄၀၀ ကျပ်ဈေးနှုန်းဖြင့်သာ ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။ 
Jun 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် လက်ပတောကျေးရွာအုပ်စုတွင် ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်ကလေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 06,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေး ရွာ၊ စက်ရုံဝန်း၊ သီလဝါလမ်းမကြီးဘေးရှိ Leader One စက်ရုံ တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ​အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၁)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။