အမြို့မြို့အနယ်နယ်သတင်းများ

May 24,2021
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့ နံနက်မှစတင်၍ ဘီးလင်းမြို့နယ်အတွင်းရှိ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို အခမဲ့ လက်ခံပေးလျက်ရှိကြောင်းသိရသည်။
May 24,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားနှင့် အသက်(၂၅) နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ကျင်းပခဲ့သည်။
May 24,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုအခါ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၉၂)ကျောင်းတို့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယနေ့ နံနက် ၉ နာရီက စတင်၍ အခြေခံပညာကျောင်းများအသီးသီး၌ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
May 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ဆောင်ရွက်ချက်အတိုင်း ယနေ့တွင် မှော်ဘီ မြို့နယ်အတွင်းရှိ အ.ထ.က (၁၄)ကျောင်း၊ အ.လ.က(၃၄) ကျောင်း၊ အ.မ.က(၉၆)ကျောင်း တို့တွင် တစ်ပြိုင်တည်း ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 24,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာ သင်ယူခွင့် ရရှိရေး အတွက် ယနေ့နံနက်ပိုင်းမှ စတင်ကာကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ ဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရသည်။
May 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင် မြို့နယ်အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ယနေ့နံက်(၉)နာရီမှစတင်၍ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ ကျောင်းအပ်နှံရေး စတင်လက်ခံ ဆောင်ရွက်လျက်ရှိသည်။
May 24,2021
ပဲခူးမြို့၌ မဟာစေတီကန်လမ်းနှင့် မဇင်းတိုးချဲ့(၁)လမ်း ဆက်သွယ်သည့်လမ်းများအား ကတ္တရာလမ်းခင်းနေခြင်း လုပ်ငန်းကို ယနေ့နံနက်(၁၁)အချိန်က စည်ပင်သာယာရေးကော်မတီ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
May 24,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးတင်စိုးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို မေလပထမပတ်မှစတင်၍ မြို့သစ်မြို့နယ်ရုံးတွင် စတင် ပြုလုပ်ပေးလျက်ရှိသည်။