အမြို့မြို့အနယ်နယ်သတင်းများ

May 24,2021
 ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့ရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေး ရက်သတ္တပတ် အစီအစဉ်ကို ကျန်းမာရေးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီက စတင်လက်ခံဆောင်ရွက်လျက်ရှိသည်။
May 24,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက  ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 24,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အခမဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
May 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အသက် (၁၆) နှစ်မှ (၁၈) နှစ်ပြည့်ပြီးသူတို့၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 24,2021
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းကြောင့် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ယနေ့နံနက် ၉ နာရီ မှ စတင်ကာ မန္တလေးမြို့ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်နှံခြင်းကို စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 24,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ယနေ့ နံနက် ၈:၃၀ နာရီ အချိန်မှ စတင်ကာ စာသင်ကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
May 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးသယံဇာတများ ပေါကြွယ်ဝ၍ ငါးရိက္ခာဖူလုံစေရေးအတွက် ငါးမျိုးစိုက် ထည့်ခြင်းကို ယနေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ကမ်းနားရပ်ကွက် ကျီးပင်ဆိပ်တွင်ကျင်းပပြုလုပ်ခဲ့သည်။