အမြို့မြို့အနယ်နယ်သတင်းများ

May 24,2021
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများအား ဘွဲတံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နာယက ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်ရင်းမှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောထွန်းလှိုင်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်း၊ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒါယကာဒါယိကာမများ တက်ရောက်ကြည်ညို၍ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
May 24,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် GEC ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆိုင်ဘုတ်တင်အခမ်းအနားနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီ အချိန်က စေတုတ္တရာမြို့ အ.ထ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 24,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့ နံနက်(၉)နာရီအချိန်က မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ကျောင်းအပ်လက်ခံခြင်းကို  စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပိန်းကျောက်ရွာ၌ ရွှေတိဂုံပုံတူ အမတသုခ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
May 24,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာ ကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါအခြေခံပညာကျောင်းများသို့ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်းနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရသည်။
May 24,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် အ​ခြေခံပညာ​ကျောင်းများအား စတင်ဖွင့်လှစ်​တော့မည်ဖြစ်သဖြင့် ကျောင်းနေ အရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ​ကျောင်းအပ်လက်ခံခြင်းများကို သက်​ဆိုင်ရာ​ကျောင်းများအလိုက် လက်ခံ​ဆောင်ရွက်လျက်ရှိသည်။
May 24,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။