အမြို့မြို့အနယ်နယ်သတင်းများ

May 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိရန်နှင့် သဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် မဲသမူးကျေးရွာ၌ EM ဘိုတာရှီမြေဆွေးပုံ ပြုလုပ်ခြင်း ကွင်းဆင်းသရုပ်ပြ သပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကဆုန်လပြည့်နေ့တိုင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ကဆုန်လပြည့်နေ့ ညနေ ၄ နာရီ အချိန်က ၂၂ ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ငဖဲမြို့ မြို့မရပ်ကွက်ရှိ မြို့မမင်္ဂလာကျောင်းမှ စတင်၍ မြို့လယ်လမ်းမ တစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
May 26,2021
နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည့် ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ရှိ ရှင်ပင်ရွှေစောလူး မြတ်စွာဘုရားတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 26,2021
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့ အမှတ်(၄)မြို့မအရှေ့ရပ်ကွက် ဗဟိုဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ ယမန်နေ့ ညနေ (၅) နာရီအချိန်ခန့်က ဒေသခံပြည်သူများ ဦးဆောင်ကာ ဗုဒ္ဓဘာသာဝင်များအထွက် အမြတ်ထားရာ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းလောင်းပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
May 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ဟင်္သာတခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
May 26,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် သံပယိုသီးများ အရောင်းအဝယ်ကောင်းသဖြင့် သံပယိုစိုက်ပျိုး ရောင်းချသူများ စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သံပယိုစိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။ သံပယိုပင်သည် နှစ်ရှည်အပင်မျိုးဖြစ်ပြီး အစိုဓာတ် ထိန်းသည့်နှုန်းမြေ များတွင် ကောင်းစွာဖြစ်ထွန်းကြောင်း သိရှိရသည်။