အမြို့မြို့အနယ်နယ်သတင်းများ

May 24,2021
နိုင်ငံတော်အစိုးရ မှ (၂၀၂၁)ခုနှစ်တွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည့်  တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့မှ ဆရာတော် သံဃာတော်အရှင်သူမြတ်(၇)ပါးအား ယမန်နေ့နံနက်(၉)နာရီက မြိတ်မြို့ ဗုဒ္ဓဘာသာအသင်းကြီးမှ အသင်းရုံးခန်းမ၌ ပထမအကြိမ် ဂုဏဝိသိဌပူဇော်ပွဲ ကျင်းပခဲ့သည်။
May 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိနှင့် အဖွဲ့မှယမန်နေ့ နံနက်ပိုင်းမှစ၍ ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
May 24,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည်  ပြည်နယ်/ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တန့်ယန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
May 24,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည် (၁)နာရီအချိန် က အထကကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း သွားလာရခက်ခဲသော တောင်ပေါ် တိုင်းရင်းသားကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့က ဟွေဖကျေးရွာအုပ်စု၊ ဟွေဖ(ရွာဟောင်း)နှင့် ဟွေဖ(ရွာသစ်)ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည်။
May 24,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းသည် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက် (၉)နာရီ က ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ရှိ ခိုင်ဖြိုးကုမ္ပဏီမှဆောင်ရွက်နေသော ဟုန်ပန်းခြံအားသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
May 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊  နယ်စပ်ဒေသ မိုင်းယုမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်နှင့်ဆရာ/ ဆရာမများ ဇွန်လတစ်ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် မိုင်းယုဒေသတွင်းရှိ သက်ဆိုင်ရာ အခြေခံပညာကျောင်း အသီးသီးတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြသည်။
May 24,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ၂၀၂၁ ခုနှစ် စူဠဘွဲနှင်းသဘင်အခမ်းအနားကို မေလ ၂၂ ရက် နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညို၍ စာအောင်သံဃာတော် များအား အောင်လက်မှတ်နှင့် စာအောင်ဆုအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။