အမြို့မြို့အနယ်နယ်သတင်းများ

May 22,2021
မကွေးတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။
May 22,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ အလှည့်ကျစနစ်ဖြင့် ပုံမှန် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
May 22,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစား ဝန်ထမ်းများကို ယမန်နေ့ နံနက်ပိုင်းကစပြီး ကိုဗစ် - ၁၉ ‌ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားဝန်ထမ်းများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိသည်။
May 22,2021
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအား ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
May 22,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ကွက်ကျေးရွာများ တည်ငြိမ် အေးချမ်းရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု တည်ငြိမ်အေးချမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ပေးအပ်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၁ နာရီက တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းကြောင်း သိရသည်။
May 22,2021
ပဲခူးတိုင်းဒေသကြီး၊သာယာတီခရိုင်၊မိုးညိုမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ ခုနှစ်၊လုပ်ငန်း ရာသီနှစ် အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်း ချခြင်းနှင့် (ပထမ)အကြိမ် အိတ်ဖွင့် တင်ဒါ ချက်များရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ် ငါး လုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။