Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာယာဝတီမြို့နယ် သုံးဆယ်မြို့ အောင်မင်္ဂလာကွက်သစ်(၁)နှင့်(၂) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီး
May 21,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မေသက်နွယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သာာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဘုရားကြီးလမ်းရပ်ကွက်၊ အောင်မင်္ဂလာကွက်သစ်(၁)လမ်း ကွန်ကရစ်ခင်းခြင်း၊ အရှည် ၄၃၅ ပေ၊ အကျယ် ၁၀ ပေ ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၈.၆၁၃) သန်း၊ အရှေ့သပြေကုန်းရပ်ကွက်၊အောင်မင်္ဂလာကွက်သစ်လမ်း(၂)၊အရှည် ၃၆၅ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ကုန်ကျငွေကျပ် (၇.၂၂၇)သန်း၊ စုစုပေါင်းကုန်ကျငွေကျပ် ၁၅.၈၄ သန်းဖြစ်ပြီး ရာခိုင်နူန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်တွေ့ဆုံ
May 21,2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများတွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ပညာရေး မှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
May 21,2021
ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၁၅:၃၀)နာရီအချိန်က ပဲခူးမြို့ဟံသာဝတီယူနိုက်တက် အားကစားကွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စာငှား၊စာဖတ် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်…
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ဆောင်ရွက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေစဥ်ကာလ အတွင်း ခေတ္တ ပိတ်ထား ခဲ့ရာယခုအခါ နေ့စဥ်စာငှားနေသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့် အညီအစိုးရရုံး ပိတ်ရက်မှအပ အပတ်စဥ် နံနက် ၉ နာရီခွဲ အချိန်မှ ညနေ ၄ နာရီခွဲ အချိန်ထိ ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ
May 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြည်သူများ အသိပညာတိုးပွား စေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ နေစဉ်ထုတ် သတင်းစာများ လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိ
May 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ နေစဉ်ထုတ် သတင်းစာများလှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ထပ်ဆင့်ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ
May 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ထပ်ဆင့် ရှင်းလင်းခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အေရှ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့်တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေ တတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်( ၁၀:၀၀ )နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25147
Page
25148
Page
25149
Page
25150
Current page
25151
Page
25152
Page
25153
Page
25154
Page
25155
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department