အမြို့မြို့အနယ်နယ်သတင်းများ

May 21,2021
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်အရ နောင်ချိုမြို့နယ် တောင် ရှည်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
May 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မေလ ၂၁ ရက်နေ့က တော်ကနာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း များကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
May 21,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ဌာနဆိုင်ရာ ဝန်ထမ်းများ ပထမအကြိမ် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အလယ်တောရ ကျောင်းတိုက်၊ ပုပ္ပာရုံ ကျောင်းဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍( Book Club ) စာဖတ်ဝိုင်းကို ကိုဗစ်- ၁၉ စည်းကမ်းချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
May 21,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် အထူးကု ပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ၌ ပြင်ပလူနာ၊ အတွင်းလူနာများအား ၂၄ နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
May 21,2021
နေပြည်တော်ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဦးကျော်ကျော်နိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း က နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့ကို ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ဆရာ/မများနှင့်တွေ့ဆုံပြီး စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။