အမြို့မြို့အနယ်နယ်သတင်းများ

May 21,2021
ဂွမြို့နယ် မီးသတ်ဦးစီးမှူး၏ ကွပ်ကဲမှုလက်အောက်ရှိ ဂွမြို့နယ်မီးသတ်စခန်း၊ ကျိန္တလီနယ်မြေ မီးသတ်စခန်းနှင့် ဆပ်သွားအရန်မီးသတ်စခန်းများရှိတပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေး အတွက် မီးသတိပေးဆော်ဩခြင်းများကို ယမန်နေ့ ညနေ ၅နာရီအချိန်က သက်ဆိုင်ရာ နယ်မြေများတွင် လှည့်လည် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၃၃) အုပ်စု တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား( ၈၃၂ )ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား)များ၏ မေလအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇နာရီမှ စတင်၍ ငဖဲမြို့မြန်မာ့စီးပွားရေးဘဏ်၌ ရုံးဝန်းအတွင်းလုံခြုံရေး ဆောင်ရွက်ထားရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
May 21,2021
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်စားဝန်ထမ်းများ၏ ပင်စင်လစာများအား ယနေ့နံနက်၈နာရီမှစတင်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွန် ချက်များနှင့်အညီပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
May 21,2021
ဒေသခံလူငယ်လူရွယ်များ ကိုယ်ပိုင်လုပ်ငန်းလုပ်ငန်းအဖြစ်ထူထောင်လုပ်ကိုင်နိုင်ပြီး မိသားစု ဝင်ငွေပုံမှန်ရရှိစေမည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်းထုတ်လုပ် ခြင်းသင်တန်းကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပျော့ရွာကျေးရွာတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
May 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက သတ္တမကြိမ်မြောက် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး ပေးခြင်းကို ဥတ္တရသီရိမြို့နယ်၊ ဝက်စုကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
May 21,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။
May 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပသည်။
May 21,2021
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း ရှိ မြေသား ရေမြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းအဖြစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။