အမြို့မြို့အနယ်နယ်သတင်းများ

Apr 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ ပူပြင်း ခြောက်သွေ့သော နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေး နှစ်အတွင်း စက်ရေတွင်းများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်များဖြင့် ကျေးရွာပေါင်း(၇)ရွာတွင် တူးဖော်ပေးလျှက်ရှိရာ ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာတွင် စက်ရေတွင်း တူးဖော်ပြီးစီးမှု အခြေအနေများကို ကောလင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Apr 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုး၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန့်နေ့က ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာ ကုန်ထုတ်လမ်းအား လမ်းအရည်အသွေး ၊ သိပ်သည်းမှု CBR တိုင်းတာစစ်ဆေးခြင်းအားကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ အဆိုပါအရှည် ၂မိုင်ရှိ ကျေးလက်ကုန်ထုတ်လမ်းမှာ ရာနူန်းပြည့်ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Apr 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အထွေထွေရောဝါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ အခမဲ့ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 26,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်၌ တစ်ပိုင်တစ်နိုင် အာဆီယံသပြေ စိုက်ပျိုး ရောင်းချသူများ အရောင်းအဝယ်သွက်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Apr 26,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော တည်ဆောက်​ရေး လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ ယနေ့နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကွန်ကရစ်လမ်းခင်းနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
Apr 26,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက  ကျောက်တန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။