အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သယံဇာတ နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ (၅)မိုင်ပျိုး ဥယျာဉ်တွင် သစ်ပင်များ စိုက်ပျိုး ထားရှိကြောင်း သိရသည်။
Apr 25,2021

ကျောက်ဆည် ဧပြီ၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ရောဂါကြိုတင်တားဆီး ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက်(၇)နာရီက ဈေးရောင်းချသူများ၊ အလုပ်

Apr 25,2021
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၁ ခုနှစ် လုပ်ငန်းညှိနှိုင်းအစည်း အဝေး အခမ်းအနားကျင်းပခဲ့သည်။
Apr 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ တစ်ကိုယ်ရေသန့် ရှင်းရေးနှင့်ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို(ICRC) အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ က အဆိုပါတိုက်ပွဲရှောင်နေရာများသို့ သွားရောက်ပြီး ကျန်းမာအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
Apr 25,2021
ရန်ကုန် ဧပြီ ၂၅ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခ
Apr 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သာယာကုန်းအုပ်စု၊ သာယာကုန်းကျေးရွာရှိ သုံးထပ်ဘုန်း‌တော်ကြီးကျောင်းတိုက်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ်မြတ်အား ဂုဏ်ပြုချီး‌မြှောက်ပူဇော်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Apr 24,2021
မြန်မာ့မီးရထားဌာနမှ ရန်ကုန်-ပြည် (၆၃)အဆန်ရထားသည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က ရန်ကုန်မှ နံနက် ၆ နာရီခွဲက စတင်ထွက်ခွာ လာရာ သာယာဝတီဘူတာသို့ နေ့လယ် ၁၂ နာရီခန့်က ရောက်ရှိခဲ့ပြီး ပြည်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။
Apr 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ‌မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံရှုံးခဲ့‌သော လေဘေး သင့် အိမ်ထောင်စုများအတွက် ဧပြီလ (၂၂)ရက်နေ့ မွန်းလွဲ(၁) နာရီ က ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။