အမြို့မြို့အနယ်နယ်သတင်းများ

Apr 24,2021
ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Apr 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေး နိုင်စေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်တား ဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ပြီး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Apr 24,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၌ လျှပ်စစ်ဝါယာလျှော့ ဖြစ်မှုကြောင့် ယနေ့ နံနက်ပိုင်းက မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်ဆောင်ရွက် ပေးသည့် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ် ပြည်သူဆေးရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Apr 24,2021
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အနောက်ဘက်ခြမ်းမှ သုံးရေလိုအပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများမှ သုံးရေများလိုအပ်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနသို့ ဆက်သွယ်အကူအညီတောင်းခံလာသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦးနှင့် တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်များဖြင့် သွားရောက်၍ ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။
Apr 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ၂၀၂၁ခုနှစ် မိုးကြိုကြံချေးငွေများကို ကြံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျောက်မဲခရိုင် ဘဏ်ခွဲမှတောင်သူများအား  ဧပြီ ၁၉ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Apr 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော မေရုဒကုန်းတော်ပေါ်ရှိ ရှေးဟောင်းသမိုင်း ဝင် ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးအား ရဟန်းရှင်၊ လူပြည်သူအများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေ ရန်အတွက် တွံတေးမြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီက အဆိုပါစေတီတော် မြတ်ကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Apr 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒေသအတွင်းရှိ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ စက်မှုလုပ်ငန်း ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား တတ်အား သရွေ့ ကူညီပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ စက်မှု/စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။