အမြို့မြို့အနယ်နယ်သတင်းများ

Apr 23,2021
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေး အတွက် တစ်ဘက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ကျေးရွာများအရောက်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီ က မြကိုင်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလပ်စတစ်ခြင်းယက် သင်တန်း ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 23,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 23,2021
ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အမှတ်(၇)တပ်မတော်ဆေးရုံ (ကုတင်-၁၀၀)တွင် ဆေးကုသ ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးများ ဝယ်ယူရန်အတွက် ထောက်ပံ့အလှူငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 23,2021
ဗိုလ်တထောင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ နည်းပြဆရာ၊ဆရာမများအတွက် (Grade-4/Grade-7/Grade10)သင်ရိုးသစ် မြို့နယ် အဆင့် သင်တန်းကို ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ဗိုလ်မြတ်ထွန်းလမ်း အ.ထ.က (၂)ကျောင်းတွင် (၂၁. ၄. ၂၀၂၁)ရက်နေ့မှ (၂၃. ၄. ၂၀၂၁)ရက်နေ့ထိ မနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)ထိဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Apr 23,2021
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ နည်းပြ ဆရာ၊ ဆရာမများအတွက် (Grade- 4/Grade-7/Grade-9) သင်ရိုးသစ် Face to Face မြို့နယ်အဆင့် သင်တန်းကို ဧပြီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည်။