Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ သံဖြူဇရပ်တွင် ဒုတိယအကြိမ်ထိုးနှံပေး
Apr 23,2021
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီးသည့် သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ပိုင်းတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာမှ ဆရာတော်သံဃာတော်များနှင့် သီလရှင်များ အား ဆွမ်းဆန်စိမ်းလောင်းလှူ
Apr 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ရတနာ့မာန်အောင်တောရဓမ္မရိပ်သာ ဘုန်းတော်ကြီး ကျောင်းအတွင်း၌ သီတင်းသုံးနေထိုင်တော်မှုကြကုန်သော ဆရာတော်သံဃာ တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ယောဂီများ တရားကျင့်ကြံပွားများအားထုတ်ရာ၌ ဆွမ်းအဆင်ပြေစေရေးအတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများမှ ယမန်နေ့ ညနေ ၄ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ဒါနပြုလောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်တွင် ရဟန်းသံဃာများ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးန…
Apr 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ရဟန်းသံဃာများ၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က စေတုတ္တရာမြို့ အမှတ်(၁) အ.လ.က (ခွဲ)ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သောက်သုံးရေအခက်ကြုံနေသော ကျေးရွာများသို့ သောက်သုံးရေသွားရောက်လှူဒါန်း
Apr 23,2021
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေ နည်းပါးလာသည်နှင့် အမျှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်သည့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ဖက်တဲကုန်းကျေးရွာများသို့ သောက်သုံး ရေဂါလံ(၁၀၀၀)စီအား ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နေခြည်ဇာဝေနှင့် ဝန်ထမ်းများက သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့၌ မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်လှစ်
Apr 23,2021
ပြည်ထောင်စုနယ်၊ နေပြည်တော် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်းအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက လယ်ဝေးမြို့နယ် စမတောင်မဟာပရ ဟိတကျောင်းတွင် ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီးရေး အထူးအဖွဲ့ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း တရားမဝင်ကုန်စည်စီးဆင်းမှုများအား တားဆီးထိန်းချုပ်နိုင်ရေး ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ဖြစ်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကော့သောင်းမြို့နယ်အတွင်း တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Apr 23,2021
၂၀၂၁ ခုနှစ် ဧပြီလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီ ၂၁ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိရာ ဧပြီ ၂၁ ရက်တွင် ၅၀၀ ဦး၊ ဧပြီ ၂၂ ရက်တွင် ၄၆၈ ဦးတို့အတွက် ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်တွင် တောင်သူလယ်သမားများအား စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Apr 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီး ဌာနက စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအား လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲလျေားကျခြင်းနှင့် လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှု ပိုမိုလျင်မြန်စေရန်ရည်ရွယ်ကာ စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25266
Page
25267
Page
25268
Page
25269
Current page
25270
Page
25271
Page
25272
Page
25273
Page
25274
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department