Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ် ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စု များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ အခြေခံလူတန်းစားများအတွက် ငွေကြေးထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော် အစိုးရက ပဉ္စမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှု ခံယူနေသူအားလုံး ရောဂါပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့်ရ
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူရန် ကျန်ရှိသူ(၃)ဦး မှာ ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ ပေးနှိုးဆော်
Jan 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်
Jan 29,2021
ပန်းတောင်းမြို့နယ် ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို သရက်လိန် အုပ်စု ကရင်စုကျေးရွာ ရန်အောင်မြင်ကျောင်း တိုက်၊ သဒ္ဓမ္မသုခကာရီဗိမာန်တော်ကြီး အတွင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေကျပ် ၂၆ သိန်းကျော် ပေးအပ် လှူဒါန်း
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန် အတွက် မြို့နယ် အတွင်းရှိ အလှူရှင်များက အလှူငွေကျပ် ၂၆ သိန်းကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်(၁၂)သိန်းလှူဒါန်း
Jan 29,2021
ပခုက္ကူမြို့နယ် Pact Global Microfinance Fund မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ပခုက္ကူမြို့၊ အထောက်အကူပြု လုပ်ငန်းကော်မတီထံ ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုး၊ အဘွားများအား လစဉ်ထောက်ပံ့လှူဒါန်း
Jan 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုးအဘွားများအား ယနေ့ နံနက် ၈ နာရီတွင် လစဉ်ထောက်ပံ့ပစ္စည်း၊ အလှူငွေများ လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25302
Page
25303
Page
25304
Page
25305
Current page
25306
Page
25307
Page
25308
Page
25309
Page
25310
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department