အမြို့မြို့အနယ်နယ်သတင်းများ

Jan 30,2021
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် နွားထိုးကြီးမြို့၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အအုံသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ကမ်းနားလမ်းရှိ စည်ပင်သာယာရေးပိုင် ကျွန်းတောတွင် ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ EM ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရွေးချယ်နိုင်ရေးအတွက် လုပ်ငန်းစဉ် သင်တန်း ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
Jan 30,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အပိုင်း (၁) ညောင်လေးပင် -တောင်ငူ လမ်းပိုင်း (၁၁၆) ကီလိုမီတာ (၇၂) မိုင်အား ၅-၁-၂၀၁၈ မှ ၄-၁၁-၂၀၂၂ ရက်နေ့အထိ (၄၈) လကြာ၊ တိုကျုး ဆောက်လုပ်ရေး ကုမ္ပဏီ (Japan) မှ မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လျာထား​ဆောင်ရွက်လျက်ရှိရာ​ ညောင်လေးပင် မြို့နယ်မှ ပိန်းဇလုပ်ဘူတာနှင့်​ ကျောက်တံခါးမြို့နယ်မှ တောကျွဲအင်း ဘူတာအကြား (၁၇) မိုင် မီးရထား သံလမ်း အဆန်လမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
Jan 30,2021
မ​ကွေးတိုင်း​ဒေသကြီး ​ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ခန်းမတွင် ယမန်​နေ့ည​နေက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်​ရေး မပြန့်ပွား​စေ​ရေး ညှိနှိုင်း​ဆွေး​နွေးပွဲပြုလုပ်ခဲ့သည်။
Jan 30,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (Sand Dam) ဆည်‌ ကျောက်ရိုးစီ တမံဆောင်ရွက်နေမှုအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် အဆောက်အဦသစ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် အလှူရှင်များမှ လှူဒါန်းငွေတို့ဖြင့် RCC (၂) ထပ် အဆောက်အဦသစ် ဆောက်လုပ်နေကြောင်း သိရှိရသည်။
Jan 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ် အတွက် ငွေကျပ် (၃၀၀၀၀)ကျပ်စီကို ယနေ့နံနက်ပိုင်းမှစ၍ မဲသမူးကျေးရွာ အုပ်စုရှိ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။