Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် RCC (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်
Jan 20,2021
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် RCC(၂) ထပ် ကျောင်းဆောင်သစ် အဆောက်အဦ ဆောက်လုပ်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်အတွင်းရှိ Quarantine Center များတွင် တာဝန် ထမ်းဆောင်နေသော Volunteer များအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အ…
Jan 20,2021
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော Volunteer များတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ဆောင်းသီးနှံ ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယခုနှစ်၌ ဆောင်းသီးနှံ ပဲပိစပ်၊ ပဲတီစိမ်းနှင့် ကုလားပဲ များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် RDT Test Kit ဖြင့်စစ်ဆေးရာမှ Hotel Quarantine ဝင်ရောက်နေသူ(၂)ဦးအပါအဝင် (၈)ဦးရောဂါပိုးတွေ့ရှိ
Jan 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံတွင် Quarantine ဝင်ရောက် နေသူများ နှင့် Hotel Quarantine ဝင်ရောက်နေသူများကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ Hotel Quarantine ဝင်ရောက်နေသူ(၂)ဦးနှင့် GTI Quarantine မှ (၆)ဦး စုစုပေါင်း(၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့တွင် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ် ခင်မွန်နည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ဆောင်းသီးနှံ စိုက်ခင်း များကို မျိုးစေ့အရည်အသွေး ကောင်းစေရန် နည်းပညာပေးခြင်း ကွင်းဆ…
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ဆောင်းသီးနှံစိုက်ခင်းများကို မျိုးစေ့အရည်အသွေး ကောင်းစေရန် နည်းပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့၌ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ“(၂၀၁၈-၂၀၃၀) ခုနှစ်အတွင်း ခွေးရူးရောဂါကင်းစင်ပပျောက်ရေး ” ရည်မှန်းချက် အတွက် ရပ်ကွက်/ကျေးရွာများရှိ အိမ်မွေးခွေးများကို ယနေ့ နံနက်ပိုင်းက ခွေးရူးရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင် ခြင်း ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်
Jan 20,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်း စည်း တပ်ဆင်ခြင်း ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25510
Page
25511
Page
25512
Page
25513
Current page
25514
Page
25515
Page
25516
Page
25517
Page
25518
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department