Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်းစိန်မြို့နယ်၌ အောင်ဆန်းဈေးနှင့် ဖော့ကန်ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက်(၈)နာရီအချိန်က အောင်ဆန်းဈေးနှင့် ဖော့ကန်ဈေးတို့တွင် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၁) ရပ်ကွက် စံပြ (၂) လမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း…
Jan 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၈၈) သိန်း ၄ သောင်းဖြင့် ဆောင်ရွက်ခဲ့သော အမှတ် (၁) ရပ်ကွက်၊ စံပြ (၂) လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးတွင် စားသုံးရန်မသင့်သော အစားအသောက် အမှတ် တံဆိပ်များ ဈေးကွက်လက်ကျန် မရှိစေရေး ကွင်းဆင်းစစ်ဆေး
Jan 20,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်များ ဈေးကွက်လက်ကျန်မရှိစေရေး ယမန်နေ့နံနက် (၁၁) နာရီအချိန် ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ် အထိ ကျေးလက်ဒေသအားလုံး သန့်ရှင်းသည့်သောက်သုံးရေရရှိရန်အတွက် ရည်မှန်းချက်ထားဆောင်ရွက်
Jan 20,2021
ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာ နစ် အထိ ကျေးလက်ဒေသအားလုံး သန့်ရှင်းသည့်သောက်သုံးရေရရှိရန်အတွက် ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးပြည်နယ်များ၌ မြို့နယ် ၁၇ ခုတွင် ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်းကို အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်နိုင်ရေး Mask Campaign ပြုလုပ်
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် Mask campaign ကို ယနေ့ နံနက် (၉)နာရီ အချိန်က မန့်ဟီးရိုးမြို့ ဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စာအုပ်၊ စာပေများ ဖတ်ရှုနိုင်ရန်အတွက် “ပညာအလင်း” စာကြည့်တိုက်ဖွင့်လှစ်
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပညာသင်ယူနေကြသည့် ကျောင်းသား/သူများ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် စာအုပ်၊ စာပေဖတ်ရှုလိုသော ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စာအုပ်၊ စာပေကောင်းများ လွယ်ကူ ချောမွေ့စွာ ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် “ပညာအလင်း” စာကြည့်တိုက်ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့် က ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မုံးကိုးမြို့၊ အခြေခံပညာအထက်ကျောင်း၌ ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်(၁၀)ဧက စိုက်ခင်းစိုက်ပျိုးမှု ကွင်းဆင်းသရုပ်ပြပွဲပြုလုပ်
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျွဲသတ်အုပ်စု၊ အင်းရွာ ကျေးရွာ တောင်သူ ဦးမျိုးမြင့်၏ ကွင်းအမှတ် (၁၂၅၃) တွင် ယနေ့ နံနက် ၈ နာရီက နွေစပါး မျိုးစေ့ထုတ်ကွက် ဆင်းသုခ (RS-CS) (၁၀)ဧက စိုက်ပျိုးမှုအား ကွင်းဆင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေပေးအပ် လှူဒါန်း
Jan 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်၊ မြို့အဝင်လမ်းနေ ဦးဝင်းနိုင် + ဒေါ်ခင်ခင်စန်းတို့၏သား ဒေါက်တာနန္ဒထင်ဇော် ( သစ်လွင် စက်ပစ္စည်းရောင်းဝယ်ရေးမိသားစု ) တို့မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေ ငါးသိန်းကျပ်အား ယမန်နေ့ ညနေ ၅ နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25513
Page
25514
Page
25515
Page
25516
Current page
25517
Page
25518
Page
25519
Page
25520
Page
25521
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department