Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြောင်းခင်း၊ ငရုတ်ခင်းနှင့် မြေပဲသီးနှံများ အထွက်တိုးစေရန် နည်းပညာများ ဖြန့်ဝေပေး
Jan 20,2021
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် တဲကြီးမြို့မနည်းပညာပြန့်ပွားရေး စင်တာမှ တာဝန်ခံများနှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် ဆင်မြေကျေးရွာ တောင်သူဦးမင်းမင်းစိုး၏ ဆောင်းမြေပဲ စိုက်ခင်း မြေပြုပြင်ချိန်တွင် သွင်းအားစုစနစ်တကျသုံးစွဲ၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရန်နှင့် ပြောင်းခင်း၊ ငရုတ်ခင်းများ ဓာတုလျော့ချသုံးစွဲရန်နှင့် ပိုးမွှားကျရောက်မှု ရှိ/ မရှိ တို့ကို ယမန်နေ့၊ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးကာ တောင်သူများအား နည်းပညာများ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်၌ သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေး တားမြစ်ချက် ဗီနိုင်းပိုစတာစိုက်ထူ
Jan 20,2021
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေး တားမြစ်ချက် အသိပညာပေးသည့် ဗီနိုင်းပိုစတာများကို ရေကြည်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများက မြို့နယ်ငါးလုပ်ငန်း ရုံးဝန်းအတွင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ အသိပညာ ပေးရှင်းလင်း
Jan 20,2021
ဖြူးမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပက်သက်၍ ကြီးကြပ်ရေးကော်မတီ (၅)ဦး တာဝန်ပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ အသိပညာပေးရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်နှင့် ဒုတိယဦးစီး မှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ အရန်သားဖွားဆရာမ (၆)လသင်တန်းဆင်းပွဲ ပြုလုပ်
Jan 20,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ACCESS TO HALTH FUND ရန်ပုံငွေအဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားဆရာမ (၆)လ သင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ယနေ့နံနက်ပိုင်း က ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ယခုနှစ် ဖရဲသီးထွက်ချိန်၌ စျေးကောင်းရရန်မျှော်လင့်၍ ဖရဲသီးစိုက်ပျိုးတောင်သူများ ဧကတိုးချဲ့ စိုက်ပျိုး
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ ဖရဲသီးစိုက်ပျိုးတောင်သူများ အနေဖြင့် ယခုနှစ် ဖရဲသီးရာသီ၌ ယခင်နှစ်များထက် စျေးကောင်းရရှိရန် မျှော်လင့်၍ ဧကတိုးချဲ့ စိုက်ပျိုးထားကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ် ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်
Jan 20,2021
ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီမှ မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် မြဝတီ ရပ်ကွက်ရှိ ဆေးရုံဟောင်းလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ယမန်နေ့က ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်ပတ်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်း ဆောင်ရွက်
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ကြူကော်ယွင်ကျေးရွာ၊ ညိုချန်ကျေးရွာ၊ မန်ဟွယ်ကျေးရွာ၊ ဟိုပုန်းကျေးရွာ ပေါင်း(၁)ယူနစ်ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နှစ်ပတ်လည်ဆန်းစစ် သုံးသပ်ဆွေးနွေးခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်း အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်း က ကြူကော်ယွင်ကျေးရွာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ အောင်ဆန်းဈေးရှိ မုန့်မျိုးစုံဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 20,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အောင်ဆန်းဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံ ဈေးဆိုင်များရှိ မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25511
Page
25512
Page
25513
Page
25514
Current page
25515
Page
25516
Page
25517
Page
25518
Page
25519
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department