Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကောလင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "ဖျာ၊တောင်း" ရက်လုပ်ခြင်း သင်တန်းဆင်းပွဲပြုလုပ်
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ယွန်းအိုးကျေးရွာအုပ်စု ယွန်းအိုး ကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန် တစ်နိုင်တစ်ပိုင် မှသည် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်ကာ မိသားစုများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "ဖျာ၊တောင်း" ရက်လုပ်ခြင်းသင်တန်းကို ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်နယ်)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန(ပြည်နယ်) ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ပြီးစီးမှု အခြေအနေများကို လှိုင်းဘွဲမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင် နှင့်အဖွဲ့ဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အစဉ်အမြဲ စွမ်းရည်ပြည့်ဝစေရန် အပတ်စဉ်လေ့ကျင့်မှုများဆောင်ရွက်
Jan 20,2021
ရွှေတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက် တာဝန်ကြီး (၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက် လေ့ကျင့်ခန်းများအား အပတ်စဉ် သတ်မှတ်နေ့ ရက်များအလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၊ လောင့်ကြီးကျေးရွာရှိ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းကြည့်ရှု
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံ ရေးဌာန၊ ပုတီးကုန်းမြို့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဟိန်းနှင့် တာဝန်ရှိ သူများသည် ယမန်နေ့က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လောင့်ကြီးကျေးရွာ အုပ်စု၊ လောင့်ကြီးကျေးရွာ တွင် တည်ရှိသော R.O.Power သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ လွိုင်မြေရပ်ကွက်၌ ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတားတည်ဆောက်
Jan 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် အုပ်စု(၁၂)တွင် ကိုယ့်အားကိုယ်ကိုး သံကူကွန်ကရစ်တံတားတစ်ခုကို ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် တံတားလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်သို့ နံနက်စာများ လာရောက်လှူဒါန်း
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါ ကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်သို့ အသင့် စားသုံးနိုင်သည့် ရွှေတောင်ခေါက်ဆွဲပွဲ(၂၅၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဆွေးနွေး
Jan 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်စက်များသို့ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ဆန်စက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်၌ ခရမ်းသီးပင်များ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေ
Jan 20,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာတွင်၊ ခရမ်းသီး ပင်များ စိုက်ပျိုးကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25512
Page
25513
Page
25514
Page
25515
Current page
25516
Page
25517
Page
25518
Page
25519
Page
25520
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department