Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်မဲမြို့တွင် မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 11,2020
မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျောက်မဲမြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆက်လက်ဆောင်ရွက်…
Mar 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ/ တည်းခိုခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆက်လက်ပြုလုပ်ဆောင်ရွက်သွားရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာ မူဆယ်မြို့၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီ(မူဆယ်)၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ တာဝန်ရှိသူများ၊လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက် တွေ့ဆုံဆွေးနွေး ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 11,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၌ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဟိုနောင်ကျောင်း စာစစ်ဌာနတို့တွင် စာမေးပွဲအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ဒေသတွင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ယိုးဒယား သင်္ဘောသီးမျိုးများ ဖြစ်ထွန်းအောင်မြင်
Mar 11,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် ဒေသတွင်း စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ယိုးဒယား သင်္ဘောသီးမျိုးများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး လစဉ်ပုံမှန် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ် စာစစ်ဌာနများတွင် ခေါင်လန်ဖူးမြို့နယ် ကျောင်းသားများအပါအဝင် တက္ကသိုလ်ဝင်စာမေးပွဲ (၂၁၉၈)ဦး ဖြေဆို
Mar 11,2020
ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ပူတာအိုမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတို့တွင် ခေါင်လန်ဖူးမြို့နယ် ကျောင်းသူ/ကျောင်းသား (၄၉)ဦး အပါအဝင်(၂၁၉၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ်တင်ခြင်းနှင့် ရုံးခန်းဖွင့်ပွဲ ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ်တင်ခြင်းနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံးခန်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စမ်းသပ် စစ်ဆေးမှုဆောင်ရွက်
Mar 11,2020
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ် ၂ နာရီက ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသူတစ်ဦးအား ယာဉ်ထိန်းတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့
Mar 11,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ယနေ့ နံနက်(၉) နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန တစ်ခု ဖြစ်သော အထက-၁ စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29656
Page
29657
Page
29658
Page
29659
Current page
29660
Page
29661
Page
29662
Page
29663
Page
29664
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department