အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမ အကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လျှောက်ထားသည့် စာရင်းများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူများက ဩဂုတ်လ ၁၇မှစတင်၍ မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို စတင်စိစစ် ဆောင်ရွက်လျက်ရှိ​ကြောင်းသိရသည်။
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိုး၏လမ်းညွန်မှုဖြင့် ပြသထားသည့် နံရံကပ်ဘုတ်တွင် မြို့နယ်တွင်းဒေသဆိုင်ရာ ဖွံ့ဖြိုးရေး မှတ်တမ်းဓါတ်ပုံများနှင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဆိုင်ရာသိမှတ်ဖွယ်ရာများပါဝင်သည့်နံရံကပ်စာစောင်ကို ယနေ့ နံနက်တွင် ဗိုလ်ချုပ် လမ်းမကြီး‌ ဘေးရှိ နံရံကပ်ဘုတ်တွင် ပြသခဲ့သည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် မိုးစပါးမျိုးစေ့ထုတ ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( OSS ) ခန်းမတွင် ကျင်းပသည်။
Aug 19,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အဆင်ပြေအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် မဲရုံများတိုးချဲ့ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။
Aug 19,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သောအကောင် အထည်ဖော်ဆောင်ရွက်နေ့သည့် ကော့လှကျေးရွာ၌ ရေမြောင်း အုတ်စီခြင်းနှင့် လမ်းပခုံးကွန်ကရစ် ခင်းခြင်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံ ကွင်းဆင်း စစ်ဆေးခဲ့သည်။
Aug 19,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။