အမြို့မြို့အနယ်နယ်သတင်းများ

Jun 06,2026
သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၆ခုနှစ် ဇွန် ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပမည့် အစိုးရနိကာယ်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညိုစဉ် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများထံ အလှူ‌ငွေများ ဆက်ကပ်လှူဒါန်းပြီး စာဖြေသံဃာတော်များအား ဖူးမြှော်ကြည်ညိုသည်။
Jun 06,2026
နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းကဏ္ဍအတွင်း MSME ဒေသတွင်းထုတ်ကုန်များ သုံးစွဲမှုမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေစံအိမ်ဟိုတယ်၌ကျင်းပရာ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
Jun 06,2026
တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များကို ယမန်နေ့တွင် တက္ကသိုလ်ရပ်နှင့် ရှမ်းချောင်းရပ် ပြည်သူလူထုများအား အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးသည်။
Jun 06,2026
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးလုံခြုံရေးနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့မဈေး၊ သပြေကုန်းဈေး၊ ရွှေကြာပင်ဈေး၊ အင်ကြင်းဈေး၊ ဂန္ဓမာဈေး၊ သရဖီဈေးနှင့် ချယ်ရီဈေးတို့မှ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 05,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့တွင် မဲဆန္ဒနယ်အမှတ် (၂)၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ခိုလမ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီခွဲက ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကျင်းပသော ဥပဒေ‌ရေးရာအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၉)ရပ်ကွက်၊ ကျက်သရေဆောင်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Jun 05,2026
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုမျှတကောင်းမွန်စေ‌ရန်ရည်ရွယ်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော ၂၀၂၆ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပျဉ်းကတိုးကျေးရွာ ပျဉ်းကတိုး-ချောင်းဝရွာချင်းဆက် ကွန်ကရစ်လမ်းဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။