အမြို့မြို့အနယ်နယ်သတင်းများ

Jun 09,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းတွင် သုတရသစာအုပ်များလာရောက်လှူဒါန်းသည်။
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (၁)၊ မြဝတီဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက် ရန်ကုန်တက္ကသိုလ် (RC) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
Jun 09,2026
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲနှင့် ကာယ၊ ဥာဏပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Jun 09,2026
​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့​မှကြီးမှူး၍ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း) သီရိရတနာခန်းမ၌ ကျင်းပသည်။
Jun 09,2026
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (လွိုင်ကော်) သင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Jun 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီခွဲက ရက် ၁၀၀ စီမံချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောခြင်း၊ မိုးရာသီအဖြစ်များသော ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကုသပေးခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။