အမြို့မြို့အနယ်နယ်သတင်းများ

Jun 06,2026
‎ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင်ရပ်ကွက် ဒေသန္တရဆေးခန်းတွင် ကျန်းမာရေးဆရာမများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ယမန်နေ့ နံနက် ၉ နာရီက စတင်ပြီး အပတ်စဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 06,2026
"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်း ကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် " ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်" ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား၊ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများနှင့်အညီ လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး တာမွေမြို့နယ်အပါအဝင် အနယ်နယ်အရပ်ရပ်မှ အကြားအာရုံချို့ယွင်းအားနည်းသည့် အခြေခံပညာအဆင့် ကျောင်းသား၊ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 06,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ရပ်ရွာအတွင်းရှိ ပြည်သူများထံအရောက် ကွင်းဆင်းကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့အတွက် အသိပညာပေးဟောပြောပွဲကို ဇွန် ၄ရက်နေ့ ညနေ ၃ နာရီအချိန်က ယမုံနာ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Jun 06,2026
သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၃၂)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
Jun 06,2026
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 06,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုလေဆိပ်သို့ နှစ်ကြိမ်ပို့ဆောင်ရောက်ရှိလာရာ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မောင်မောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက ဝမ်း‌မြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြသည်။
Jun 06,2026
တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။