အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့က နို့ငွါးကျေးရွာအုပ်စု ချောင်းကဖီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
Dec 10,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စဥ်းစားတွေးခေါ်တတ်စေရန်၊ စာပေများနှင့်ရင်းနှီးကျွမ်းဝင်စေရန်တို့အတွက် စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်ပိုစတာများ ခင်းကျင်းပြသခြင်းကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ သည်။
Dec 10,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ အခြေအခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ‌ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
Dec 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုယ်ခန္ဓာကျန်းမာရေး၊ ကိုယ်ကာယကြံ့ခိုင်မှုတို့အားရည်ရွယ်​ပြီး  ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲကို ဒီဇင်ဘာ  ၉ ရက်နေ့ နံနက် ၉ နာရီက အ.လ.က ယုဇနကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 10,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဌာဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့စုပေါင်း၍ "ဒို့အတူတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် မြို့မဈေးအပါအဝင် လူစည်ကားရာနေရာများ၌ ဖြန့်ဝေ‌ပေးခဲ့သည်။
Dec 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအားအသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အ.လ.က(၁)မှ ဒီဇင်ဘာအားကစားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က မြို့မအားကစားကွင်းတွင် ဆောင်ရွက်ခဲ့ပါသည်။
Dec 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာလ ၉ ရက်နေ့မွန်းလွဲပိုင်းက ထိန်ချောင်းကျေးရွာရှိ အခြခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောခဲ့သည်။