ချင်းပြည်နယ်

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ ဟားခါး၌ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုပေး၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်းအမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်း အခမ်းအနား တီးတိန်၌ ပြုလုပ်

ချင်းပြည်နယ် တီးတိန်မြို့၌ အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြော ပွဲနှင့် တီးတိန်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်းကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး (Dingdi Dream Organization နာယက) ဒေါက်တာအန်နာရွှေလွှမ်း ဦးဆောင်ပြီး မြို့မ BAG အသင်းတော်ဘုရားကျောင်း၌ ယမန်နေ့က ပြုလုပ် သည်။

တီးတိန်မြို့နယ်တွင် တောင်ဇလပ်ပန်းများ ထိန်းသိမ်းကာကွယ် တန်ဖိုးထားစေရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် Fort White တောင်ဇလပ်ချစ်သူများအသင်းမှ "တောင်ဇလပ်ပန်းများမခူးဘဲ ထိန်းသိမ်းကာကွယ်တန်ဖိုးထား" အသိပညာပေး စတစ်ကာ ဖြန့်ဝေခြင်း နှစ်ရက်တာ လှုပ်ရှားမှုကို ယမန်နေ့မှ စတင်၍ ကနေဒီတောင် Fort White၊ Thangmual လမ်းခွဲတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေး အသိပညာပေးဟောပြောပွဲ ဖလမ်းမြို့၌ ပြုလုပ်

ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ် သည်။

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ အစီအစဉ်ဖြင့် ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ထန်တလန်၌ ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက တက်ရောက်လာကြသူများကို အားပေး အမှာစကားပြောကြား

ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့၌ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) က ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များလျှော့ချရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက TABC ခန်းမ၌ ကျင်းပသည်။

ကျီခါးမြို့ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းကျေးရွာ၌ 2019 Novel Coronavirus စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်း နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ

ချင်းပြည်နယ်၊ ကျီခါးမြို့၊ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းကျေးရွာ၌ 2019 Novel Coronavirus ကြိုတင်ကာကွယ်ရေး ကျန်းမာရေး စောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းကို ကျီခါးမြို့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များက ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလ (၂၉)ရက်နေ့မှ စတင်၍ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် မျောက်ငိုသီးပေါ်ချိန်ဖြစ်၍ တောင်သူများအပိုဝင်ငွေရရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဒေသအနေအထားနှင့် ကိုက်ညီသည့် မျောက်ငိုပင်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မျောက်ငိုသီးလှိုင်လှိုင် ပေါ်နေပြီ ဖြစ်၍ တောင်သူများ အပိုဝင်ငွေများ ရရှိကြောင်းသိရသည်။

ဟားခါး၌ တရားစီရင်ရေးကျင့်ဝတ်များဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

ဟားခါး ဇန်နဝါရီ ၁၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်ဒိန်းမတ်−မြန်မာပူးပေါင်းဆောင်ရွက်သည့် တရားစီရင်ရေးကျင့်ဝတ်များဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပသည်။

Subscribe to ချင်းပြည်နယ်