မွန်ပြည်နယ်

ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရားရင်ပြင်တော်‌ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့(မဟာသင်္ကြန်အကျနေ့) ညမှစတင်ကာ ညောင်ပင်သာ ကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်

မွန်ပြည်နယ်၊ (ဘီလူးကျွန်း)ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက နှစ်စဉ်ကျင်းပခဲ့ရာ  ဧပြီလ(၁၆)ရက်နေ့ သင်္ကြန်အတက်နေ့တွင် ကရင်ဝင်းစိန်ကျေးရွာ တောင်ပေါ်ကြီးဧည့်သည်ခေါ် ဘုရားပွဲတော်နှင့်စတုဒီသာကျွေးမွေး ခြင်းများကိုအစဉ်အလာမပျက် ယဉ်ကျေးမှုနှင့်အညီကျင်းပခဲ့ရာ အေးချမ်းစွာသင်္ကြန်ရေ ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။  

ကျိုက်ထိုမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ယခုနှစ်မဟာအတာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ပြည်သူများ‌ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ‌ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

မဟာသင်္ကြန်အကြတ်နေ့တွင် မုဒုံမြို့ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ်ပြုသူများ စည်ကား

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် မဟာသင်္ကြန် (အကြတ်နေ့)၌ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၁၃၈၆ ခုနှစ်၊ မွန်ပြည်နယ် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်မြို့တွင် ၁၃၈၆ ခုနှစ် မွန်ပြည်နယ်လမ်းလျှောက် သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကမ်းနားလမ်း၌ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ် ​အောင်မင်္ဂလာရပ်ကွက်၌ အသက်(၈၂)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား (၅၇) ဦးအား သက်ကြီးပူဇော်ပွဲပြုလုပ်

၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလတွင် သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန်တော့ခြင်းများ ပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၌ အသက်(၈၂)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား သက်ကြီးပူဇော်ခြင်းကို ဧပြီ ၁၃ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် အန္တရာယ် ကင်းပရိတ်တရားတော်များနှင့် ရတနသုတ်တရားတော်အား ရွတ်ဖတ်ပူဇော်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် နိုင်ငံအတွင်းရှိ ပြည်သူပြည်သားများအနေဖြင့်  ၂၀၂၅ ခုနှစ် မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးအပါအဝင် ကပ်ကြီး သုံးပါးဘေးတို့မှကင်းဝေးစေရန် နိုင်ငံတော်အေးချမ်းသာယာစေရန်၊ နိုင်ငံအဝန်းဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ပြည်သူများစိတ်ကြည်နူးအေးချမ်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့နယ် ဌာနဆိုင်ရာအသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာဓမ္မာရုံများ၊ စေတီပုထိုး များနှင့်ဌာနဆိုင်ရာရုံးများ၌  ရွတ်ဖတ်ပူဇော်လျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အားကစားကဏ္ဍတိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် ညနေပိုင်းက၊ မော်လမြိုင်မြို့၊ ရာမညအားကစားပြိုင်ကွင်း၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ကျိုက်ထိုမြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ကျိုက်မရောမြို့နယ် အမျိုးသားဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းမှာ ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့်ကိစ္စရပ်များကို ဦးစားပေးအလိုက်ရွေးချယ်ပြီး ဒေသန္တရစီမံကိန်းတွင် ထည့်သွင်းလျာထားဦးစားပေးရေးဆွဲထားခြင်းကြောင့် (GDP) တိုးတက်မှုနှုန်း (၂.၆) ရာခိုင်နှုန်းရရှိမည်ဟု မျှော်မှန်းထားပါ​ကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေထည့်သွင်းလျာထားသည့် ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးနဲ့ ဆောင်ရွက်ရမည့် စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ရာမှာ ပြည်သူများအတွက် အကျိုးရှိ/မရှိ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု/မပြု၊ ပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိ၊ ဘက်စုံလေ့လာဆန်းစစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း၊ တာဝန်ပေးအပ်လိုက်တဲ့ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် လုပ်ငန်းအလိုက်၊ လအလိုက် စနစ်တကျ စီမံချက်များရေးဆွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဘဏ္ဍာငွေများ အလေအလွင့်မရှိစေဘဲ ထိရောက်စွာဖြင့် သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါက အချိန်နဲ့တစ်ပြေးညီတင်ပြပြီး အတည်ပြုချက်ရယူဆောင်ရွက်သွားကြဖို့ အလေးအနက်ထား ပြောကြားသည်။

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဌာနတွင်းဥပဒေအသိပညာပေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ                

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်ရာ မိမိဌာန၏ရုံးလုပ်ငန်းတာဝန်များအပြင် ဥပဒေဘာသာရပ်များကို သိရှိနားလည်စေရန်ရည်ရွယ်၍ ဌာနတွင်းဥပဒေ အသိပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်