ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ စည်ကားစွာကျင်းပ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ယဉ်ကျေးမှုဓလေ့နှင့်အညီ ရှေးအစဉ်အလာမပျက် ဧည့်သည်ခေါ် ဘုရားပွဲတော်များကို ဧပြီလ လဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက် အေးချမ်းစွာကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဘုရားဖူး နွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပလျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ဧပြီ(၂၂)ရက် ညနေပိုင်းက နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို အေးချမ်းစွာကျင်းပရာ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။