ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းအခမ်းအနား တက်ရောက်
စစ်တွေမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးပုဂ္ဂိုလ်များအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။