ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံ သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျောက်ဖြူမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ်လနောက်ဆုံးပတ်က ကျောက်ဖြူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ပင်လောင်းမြို့နယ်တွင် မိုးသည်းထန်စွာစွာရွာသွန်းပြီး တောင်ကျရေနှင့် လူနေအိမ်များ ပြိုကျပျက်စီးသွားသည့်နေရာသို့ သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု ဧဒင်ကျေးရွာနှင့် လက်ဆွဲတမာပင်ကျေးရွာ၌ ဩဂုတ် ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့်အတူ လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ကျင်းပသော ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း Grade – 12 ကျောင်းသား၊ ကျောင်းသူများအား စာကြည့်ဆိုလာမီးများပေးအပ်၊ ကျောင်းစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲများသို့ သွားရောက်ပြီး Grade – 12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ စာကြည့်ဆိုလာမီးများ ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်များလှူဒါန်းကြသည်။

စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)သို့ စာအုပ်စာစောင်များလှူဒါန်း

ရခိုင်ပြည်နယ် စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် စာရေးဆရာ၊ သတင်းစာဆရာ ကျွန်းသားငမန်းက ရခိုင်ပြည်နယ်ဖြစ်စဉ် သမိုင်းများ စီးပွားရေးကဏ္ဍ၊ အပိုင်း(၃)၊ ရခိုင်ကမ်းရိုးတန်းဒေသ ရေလုပ်ငန်းစီးပွားရေး၊ ယနေ့ရခိုင်ပြည်နယ် လူမှုစီးပွားပထဝီစသည့် သုတ၊ ရသစာအုပ်စာစောင်များကိုလှူဒါန်းပွဲကို စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လယ်ပိုင်းက ကျင်းပသည်။

နိုင်ငံ၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူ ကြမည့် လူငယ်များ၏ကဏ္ဍကို မြှင့်တင်ပေးရန် အလွန်အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲကို ယနေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ခေါင်းဒုက္ကာ(၂)IDP စခန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများပြီးစီးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှ စစ်ဆေးပြီး ခေါင်းဒုက္ကာ (၂)IDP စခန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ် ယာယီနေရပ်စွန့်ခွာစုရပ်(၅၄)ခုရှိ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း

စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ်(၅၄)ခုရှိ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စာရေးဆရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်