ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင် ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပွဲ အခမ်းအနားတက်ရောက်
ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင် ဂြိုဟ်ရှစ်ခွင်ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတပ်နယ်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ် ကျော်စွာဦးနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။