ရှမ်းပြည်နယ်

မိုင်းဖြတ်တပ်နယ်၌ စုပေါင်းမဟာဘုံကထိန် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ တပ်နယ်မိသားစု၏ စုပေါင်းမဟာဘုံကထိန် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိကျောင်း‌ဆောင်၌ ကျင်းပခဲ့သည်။

မိုင်းဆတ်မြို့၌ (၅၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်လုံးဆိုင်ရာ (၅၅)ကြိမ်မြောက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များအား မြတ်ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ ယမန်နေ့က မော်တော်ယာဉ်များဖြင့် မြို့ပတ်လမ်းအတိုင်းလှည့်လည် ပူဇော်ခဲ့ပြီး ယနေ့နံနက် ၉ နာရီခွဲက ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တပ်နယ်ရှိ ရန်ကြီးအောင်ခန်းမတွင် ကျင်းပသည်။

မိုင်းယောင်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဆီဆိုင်မြို့၌ (၂၉)ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော(၂၉)ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများတို့က အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

စွမ်ဟိန်းဂူ၌ (၁၁)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု မိုင်းဟစ်ကျေးရွာ စွမ်ဟိန်းဂူ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က (၁၁)ကြိမ်မြောက် မဟာဘုံကထိ န်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

တန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်နေမှုအား ပွဲတော်လာဧည့်သည်တော်များမှ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကြည့်ရှုအားပေး

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် နေ့လွှတ်အရုပ်ပြိုင်ပွဲကို အောက်တို ဘာလ ၂၇ ရက်နေ့မှ စတင်ကာ  နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲအား ယှဉ်ပြိုင်ကျင်းပပေးခဲ့ရာ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ဆက်လက်ယှဉ်ပြိုင် လွှတ်တင်လျက်ရှိသည်။

လားရှိုးမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီမှ ကြီးမှူး၍  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ ကျင်းပခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲ ရိုးရာမီးပုံးပျံပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ

ရှမ်းပြည်နယ် တောင်ကြီးမြို့၏ ၁၃၈၇ခုနှစ် တန်ဆောင်ပွဲတော် တတိယနေ့တွင် မြို့တွင်းစုပေါင်းဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ရိုးရာမီးပုံး ပျံများ လွှတ်တင်ယှဉ်ပြိုင်ခြင်းတို့ကို ယမန်နေ့က ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိအခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်