ရန်ကုန်တိုင်းဒေသကြီး

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာနှင့် တကူပုံကျေးရွာများ၌ Fire Hostpot အကြောင်း အသိပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာနှင့် တကူပုံကျေးရွာ များ၌ ကျေးရွာနေတောင်သူများနှင့်တွေ့ဆုံ၍‌ Fire Hostpot အကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းကို မတ်လ (၈) ရက်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အာကာသပြတိုက် (ရန်ကုန်)၌ အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်ပွဲခမ်းအနား ကျင်းပ

အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အာကာသပြတိုက် (ရန်ကုန်) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ မျိုးသန့်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၁၁) နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းနှင့် မဟာဗန္ဓုလတံတားပေါ်တို့တွင် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တက္ကသိုလ်၀င်စာမေးပွဲ ​ကျင်းပမည့် အ.ထ.က (၂) လသာစာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အ.ထ.က (၂) လသာစာစစ်ဌာနတွင် တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ စိုက်ပျိုးသူတောင်သူဦးကြီးများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စိစစ်လေ့လာစစ်တမ်းကောက်ယူခြင်း အစီအစဉ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အကျိုးဆောင်စိုက်ပျိုးတောင်သူဦးကြီးများ၏ စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက ဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်လေ့လာ စိစစ်စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့နယ်တွင် စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စုံ / မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန (ကော့မှူး) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများအား ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး