ရန်ကုန်တိုင်းဒေသကြီး

ခရမ်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့ နံနက် (၇) နာရီမှ စတင်၍ မြို့နယ်သကျမာရဇိန်သွန်းဘုရားကြီးဝန်းအတွင်း ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်သို့ ကိုဝဏ္ဏထွန်း+မရွှေဇင်လှိုင် မိသားစုက ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအား အမှူးထားကာ ကိုဝဏ္ဏထွန်း+မရွှေဇင်လှိုင် သမီး မသွန်းရွှေဆက်၊ သားမောင်သိဒ္ဓိမောင် သမီးငယ်မပြုံးသဒ္ဒါ မိသားစုက (၂၄) ပြီဆန်တစ်အိတ်၊ မြေပဲဆီ၊ မြန်မာဆေးနှင့် ဆားတို့အား အလှူဒါနပြုလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် (၇) ရက်သားသမီးများ စုပေါင်း၍ အာဟာရဒါနလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအားအမှူးထားကာ (၇) ရက်သားသမီးများ စုပေါင်း၍ အလှူဒါနအဖြစ် ကြက်သားဟင်းဆီပြန်၊ ထမင်း၊ ဟင်းစုံနှင့် အချဥ်ရည်ဟင်းတို့အား ယနေ့နံနက်ပိုင်းက အာဟာရဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ (၇၉) နှစ်‌ မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအားရည်ရွယ်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် "သတင်းစကား" လက်ကမ်းစာစောင်များကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများမှ ယနေ့နံနက်ပိုင်းအချိန်က ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်းရှိမဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များလေ့လာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဒဂုံမြို့နယ်၊လမ်းမတော်မြို့နယ်၊ သာကေတမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ (၂၅)ရက်၊ နံနက်(၆)နာရီကစတင်ကျင်းပလျက်ရှိရာ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာကြသည်။

ထန်းတပင်မြို့နယ်၌ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး"ဆိုင်ရာများအသိပညာပေး 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ  ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆက်စပ်ပုံနှင့်လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွား ဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး"ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဇန်နဝါရီ(၂၅)ရက်က အတွင်းရေကျော်ကျေးရွာတွင်ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မဲရုံအရောက် အကြို၊ အပို့များ ဆောင်ရွက်ပေးလျက်ရှိ

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌  ဇန်နဝါရီ ၂၅ ရက် နံနက်  ၆ နာရီမှ စတင်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် လွတ်လွတ်လပ်လပ် ဆန္ဒမဲများပေးနိုင်ရေးမဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အသိပေးနှိုးဆော်ခြင်းနှင့် မဲရုံအရောက် အကြိုအပို့ဆောင်ရွက်ပေးသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) တွင် ပါတီ(၁၀)ပါတီနှင့်တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း(၃၂)ဦးဝင်ရောက်ယှဉ်ပြိုင်

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် ပါတီပေါင်း(၁၀) ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး