စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ ပြည်သူများ ဆန္ဒမဲပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီအချိန်မှ စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ မဲရုံအသီးသီးတွင် ပြုလုပ်လျက်ရှိရာ ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။