မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းမြို့တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် အနီးကပ်ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိ ဦးထွန်းထွန်းဇော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်တွင် KTV များ မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများများနှင့် ပူးပေါင်း၍ လုပ်ငန်းရှင်များအား မီးဘေးကြိုတင်ကာကွယ်ရေးတွင် အသုံးပြုသည့်ပစ္စည်းများ အဆင်သင့်ထားရှိရန်၊ ဆိုင်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့်

ချမ်းမြသာစည်မြို့နယ်၌ မဲရုံပတ်ဝန်းကျင်အနီးရှိ နေရာများ မီးဘေးလုံခြုံရေးစစ်ဆေး‌

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပွင့်လင်းခြောက်သွေ့သော ရာသီအချိန်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် မဲရုံပတ်ဝန်းကျင်အနီး မီးသတ်ကားအလွယ်တကူ ဝင်ရောက်၍ မရနိုင်သောနေရာများ၊ မီးလောင်မှုနှင့် မီးလန့်မှုများ လျော့နည်းကျဆင်းလာစေရေးအတွက် ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄×၈၅လမ်းကြား၊ ၁၀၄ လမ်း×၁၀၅လမ်းကြားရှိ အကွက်အမှတ်(၅၀၁)အား တိုင်း‌ဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ရက်က ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့်အရင်းအမြစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁၃ ရက်နံနက်(၅)နာရီခွဲအချိန်က လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် “ဒို့အတူမဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲရုံပြုလုပ်မည့်နေရာများအား ကြည့်ရှုစစ်ဆေး

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၈ နာရီခွဲက ရန်အောင်ကျေးရွာရှိ လူစည်ကားသည့် ဈေးသို့သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ငုက္ခလေးကျေးရွာရှိ ရာဇအောင်မြေစေတီတော် တည်ဆောက်နေမှုနှင့် ထီးတော်တင်လှူနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် လိုက်လံကြည့်ရှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ပြင်ဦးလွင်တပ်နယ်မှူး၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အတွင်းရေးမှူး၊ တပ်နယ်မှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက ငုက္ခလေးကျေးရွာရှိ ရာဇအောင်မြေစေတီတော် တည်ဆောက်နေမှုနှင့် ထီးတော်တင်လှူနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

အမရပူရမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ် မြို့တော်ဆေးရုံတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဆေးဘူးဖြင့်  လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်

‎‎မဟာအောင်မြေမြို့နယ်၊ မြို့တော်ဆေးရုံတွင် မီးဘေးအန္တရာယ်ကျရောက်မှုများ မဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများ သိရှိလိုက်နာကြစေရန်အတွက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမင်းမင်းစိုးက ဦး​ဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြခြင်းများကို မြို့တော်ဆေးရုံ၌ ယမန်နေ့မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌သင်္ဘော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   မြစ်သားမြို့နယ် ကျေးလက်‌‌နေတောင်သူများသည် မြေအောက်ရေနှင့် ကင်းတားဆည်‌ရေကိုအသုံးပြုကာ မိသားစုတစ်နိုင်တစ်ပိုင် သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ရွှေထွန်းကုမ္ပဏီ၌ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ၁၃၀ × ၁၃၁ လမ်း၊ ရွှေထွန်းကုမ္ပဏီ၌ ဒီဇင်ဘာ ၁၂ နံနက် ၁၁ နာရီက အလုပ်သမားဝန်ကြီးဌာန၊ လူမှူဖူလုံရေး အဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး