ဧရာဝတီတိုင်းဒေသကြီး

တိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာ ကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀ ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သဲကုန်းကျေးရွာကုန်ထုတ်လမ်း မြေသားခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ညောင်တုန်းမြို့နယ်၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဆောင်ရွက်သည့် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရေးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲပေးစက်များ ထုတ်ပေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များအား ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းမှ စတင်ခွဲဝေထုတ်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ခရစ္စမတ်နှင့် နှစ်သစ်ကူးကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စိန့်ပီတယ်ကက်သီဒြယ်ကျောင်း၊ ကက်သလစ်အသင်းတော် ပုသိမ်ဂိုဏ်းအုပ်သာသနာ၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်လုံးချမ်းသာနှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားကြီး၏ (၄၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဒေသစာရီလှည့်လည်အပူဇော်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်လုံးချမ်းသာနှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားကြီး၏(၁၁၈) နှစ်ပြည့်ဝိဇတပူဇာနှင့် (၄၆)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲအား ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးရှေ့၌ စုရပ်သတ်မှတ်ပြီး စတင်လှည့်လည်အပူဇော်ခံခဲ့သည်။

ငရုတ်‌ကောင်းမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်‌ကောင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ၎င်းတို့၏ နေအိမ်များသို့ ငရုတ်ကောင်းမြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ခရစ္စမတ်နေ့တွင် ငွေဆောင်ကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ ယမန်နေ့ဒီဇင်ဘာ၂၅ (ခရစ္စမတ်နေ့)က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလ( ၁၉) ရက်နေ့မှ စတင်ကာ  ပြည်တွင်းခရီးသွားဧည့်သည် (၂၂၅၃၂)ဦး၊ ပြည်ပခရီးသွားဧည့်သည် ( ၅၀၀) ဦး၊ စုစုပေါင်း (၂၃၀၃၂)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

မြန်အောင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီနှင့် ဆန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ပုသိမ်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာရှိ နည်းပညာတက္ကသိုလ် (ပုသိမ်) တွင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး