ချောင်းသာမြို့၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေး
ဒေသအတွင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမြင်ကို ဒီမိုကရေစီနည်းလမ်းဖြင့်ဖော်ထုတ်နိုင်ရေးအတွက် အရေးပါသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ချောင်းသာမြို့၌ ယနေ့နံနက် (၆)နာရီမှ စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများလာရောက်ပေးကြသည်။ ချောင်းသာမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း(၁၄၀၁၆)ဦးရှိပြီး ချောင်းသာမြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုတွင် မဲရုံပေါင်း(၉)ရုံ ဖွင့်လှစ်ထားသည်။