ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့နယ် ဂီတအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်းတွေ့ဆုံပွဲ ကျင်းပ

သာယာဝတီမြို့နယ် ဂီတအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်းတွေ့ဆုံပွဲ အခမ်းအနားကို မေ ၁၉ ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းသားသမီးများအား (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့(အကြို) စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ဇွန်လ ၆ ရက်နေ့ နံနက်  ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၈ နာရီက စတင်ပြီး မြို့မအားကစားဘောလုံးကွင်းနှင့် ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်အနီးတို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအနေဖြင့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။

ကျောက်တံခါးမြို့နယ်၌ ဖြူးမြို့မှ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖြူးမြို့ခုတင် (၁၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုး၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် (၈)နာရီအချိန်ကစတင်ပြီး မြို့မအားကစားဘောလုံးကွင်းနှင့် ကုန်းကျောင်းပရိယတ္တိစာသင်တိုက်အနီးတို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှုအနေဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့သည်။

အုတ်ဖိုဘူတာ၌ မြန်မာအမျိုးသမီးများနေ့ အကြို သစ်ပင်စိုက်ပျိုး

‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရန်၊  ဂေဟစနစ်ပျက်စီးမှုကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို အုတ်ဖိုဘူတာတွင် ယနေ့နံနက် ၇ နာရီက ကျင်းပသည်။

လက်ပံတန်းမြို့နယ်၌ မြန်အမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဘီးလင်းတန်းရပ်ကွက် ဘီးလင်းတန်းလမ်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။

ပန်းတောင်းမြို့နယ်၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးအုပ်စု၌ တောင်သူ ဦးဇော်မင်းဦး အပါအဝင် တောင်သူ (၆)ဦးက စိုက်ပျိုးထားသော နွေနှမ်း (မကွေးနှမ်းနက်-၂/၁၄) စိုက်ခင်း (၁၅)ဧကသည် စိုက်ပျိုးပြီး (၄၅)ရက်သား ရောက်ရှိနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် မင်းရပ်ကိုင်းခုံတွင် စိုက်ပျိုးထားသော တောင်သူဦးမျိုးဇော်၏ နွေနှမ်း(မကွေးနှမ်းနက်-၂/၁၄) စိုက်ခင်း (၅)ဧကသည် (၅၅)ရက်သားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ မြန်မာအမျိုးသမီး‌နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး