စစ်ကိုင်းတိုင်းဒေသကြီး

အရာတော်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)အောင်မြင်စွာ ကျင်းပပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို စတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများ၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်ပျော်ရွှင်စွာ လာရောက်မဲပေးခဲ့ကြသည်။

ရေဦးတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၆ ခုနှစ်၊ ယမန်နေ့နံနက် ၆ နာရီက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို တိကျမှန်ကန်မြန်ဆန်စေသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ ‌အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နေ့နံနက် ၆ နာရီက သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပသည်။

မုံရွာမြို့နယ်၌ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ အလုံနယ်မြေမီးသတ်စခန်း၏ မြောက်ဘက် (၄) ဖာလုံခန့်အကွာ၊ အလုံရပ်ကွက်၊ နန်းတော်ဈေးနယ်မြေ၊ မုံရွာ-ဘုတလင် လမ်းမကြီးဘေးတွင် ဇန်နဝါရီလ (၉)ရက်နေ့ ည ၁၂ နာရီက ဆိုလာဖြင့် ချိတ်ဆက်အသုံးပြုသည့် အင်ဗာတာမှ အပူလွန်ကဲပြီး ရှော့ဖြစ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မြင်းမူမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂) ကျင်းပလျက်ရှိရာ ပြည်သူများလာရောက်ဆန္ဒမဲပေး

မြင်းမူမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)ကို ဇန်နဝါရီလ ၁၁ ရက်နံနက် ၆ နာရီအချိန်၌ မဲရုံများဖွင့်လှစ်ပြီး စတင်ကျင်းပလျက်ရှိရာ မဲရုံအသီးသီး၌ ပြည်သူများ စနစ်တကျတန်းစီ၍ အေးချမ်းပျော်ရွှင်စွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်၊၊ 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ချောင်းဦးမြို့နယ်ရှိ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ စတင်ဆန္ဒမဲပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အပိုင်း(၂)အဖြစ် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ကျင်းပရာ သက်ဆိုင်ရာမဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကျင်းပရာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် မင်းကင်းမြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ ရွေးကောက်ပွဲများ ကျင်းပလျက်ရှိရာ မင်းကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများ၌လည်း စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းကို ယနေ့(၁၁)နာရီတွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်သည့်အနေဖြင့် ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး