စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် KTV စားသောက်ဆိုင်များ မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်  ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၁၁)ရက်နေ့နံနက်ပိုင်းက ရွှေဘိုမြို့နယ်အတွင်းရှိ KTV စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ကသာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ ကြိုတင်မဲကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

ကသာခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ကြိုတင်မဲပေးခြင်းကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင် ရွက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲလျာထားချက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲလျာထားချက် ထက်ပိုမိုစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မင်းကင်းမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ် မြို့တွင်းသို့ ဒေသဇာရီကြွချီအပူဇော်ခံယူပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း တည်ထားကိုးကွယ်‌တော်မူသော ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ်မြို့တွင်းသို့ အပူဇော်ခံယူပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မင်းကင်းမြို့၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(အောင်ပွဲ) မြို့တွင်းသို့ လှည့်လည်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့အမှတ်(၂)ရပ်ကွက်၊ ကန်တော်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တတေဇနိယမွေးနေ့ ဝိဇ္ဇာဘမင်္ဂလာနှင့် ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအား လူပုဂ္ဂိုလ်ဆိုင်ရာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲမြို့တွင်းသို့ လှည့်လည်ရွတ်ဖတ်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ ထုပ်စီးတိုးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန် ရှိသူများသည် ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ ထုပ်စီးတိုးပြိုင်ပွဲများနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားနေမှုများအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ကျောင်းသူများ၊ အားကစားချစ်မြတ်နိုးသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ​ပန်းချီပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ​ရွှေရတုခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်​ ပန်းချီပြိုင်ပွဲများကို ယမန်​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး