ကန့်ဘလူမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့် ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း မဲစာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းများကို နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲစာရင်းများကို နေ့စဥ်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။